ရည်းစားထားချင်တဲ့ညီမလေးတွေကို အကြံပေးလိုက်တဲ့ လှနု

ညီမလေးတို့ရေ ရည်းစားထားချင်နေပြီလား
ကိုယ်သဘောကျနေတဲ့ဘဲလေးကို

။ ၁) ဟိုဟာလုပ်ရင်ကောင်းမလား ဒီဟာလုပ်ရင်ကောင်းမလား မမေးနဲ့လုပ်ချင်တာလုပ်ပါ သူ့ကိုနေရာတကာ ဝင်ပါတတ်အောင် အကျင့်မလုပ်ပါနုဲ့။ ၂) နေ့တိုင်းတွေ့ချင်မနေနဲ့ကိုယ့်သွားစရာရှိတာသွား တပတ်တရက် နှစ်ရက် တွေ့ဖို့ချိန်း ချိန်းပြီးရင်တော့ မပျက်စေနဲ့။ ၃) အားကစား ပြိုင်ပွဲတွေ ကိုယ်တိုင်ပြိုင် သူ့လည်း ပြိုင်ခိုင်း ဥပမာ စကိတ်စီးတာတို့တင်းနစ်ရိုက်တာတို့။ ၄) လုံးဝမကြောက်တတ်ဖူး စိတ်တော့ပူတယ် ဒါပေမယ့် လုပ်တာပဲ စိတ်လှုပ်ရှားစရာတွေ လုပ်ပြနိုင်ရမယ် ကိုယ့် ကိုကိုယ်အားကိုးကြောင်းပြပါ။ ၅) သူ့ရဲ့ မိဘတွေနဲ့ခင်အောင်ပေါင်း အချိန်ပေး သူတို့ပြောတာ နားထောင် ပေးပါ။ ၆) မိသားစု အလုပ် ကျောင်း နဲ့စတာအားလုံးကိုကျက်သရေရှိတဲ့ စကားကိုပဲပြောပါ တခါတလေမှ ရင်ဖွင့်ပါ။ ၇) ချစ်သူကို အရှိအရှိအတိုင်းပဲ လက်ခံထားပါ အထင်လည်း မသေးပါနုဲ့အထင်လည်း မကြီးပါနဲ့။ ၈) ငြိမ်းချမ်းစွာနဲ့စိတ်ထဲရှိတာ ကို ငြင်းခုန်ပါ ဆွေးနွေးပါ လူရှေ့မှာတော့ အရှက်မခွဲပါနဲ့။ ၉) သူတလွဲတွေလုပ်ရင် ရီနေပါ စိတ်မဆိုးပါနဲ့။ ၁၀) သူ့ဆီကပဲ ကပ်စားမနေပါနဲ့ကိုယ်လည်း ပေးဖို့တောင်းဆိုပါ မုန်းစားတာ ရုပ်ရှင်ကြည့်တာ။၁၁) တခြားသူတွေကူညီပေးရင် ကျေးဇူးတင်ပေးပါ ယဉ်ကျေးတဲ့ သူကို အထင်ကြီးပါတယ်။ ၁၂) ခက်မယ်ဆိုတာသိတယ် ဒါပေမယ့် ရအောင် လုပ်ပါမယ် ဆိုတဲ့ ကိုယ်ကိုကိုယ်ယုံကြည်မှု။ ၁၃) မိတ်ဆွေတွေအများကြီးရှိချင် လူတွေ အများကြီးနဲ့တွေ့ဖူး ခင်ဖူးချင်တယ် လို့အစကတည်းက တောင်းဆိုပါ ဒါမှ သူက ချုပ်ခြယ်လို့မရတော့မှာပါ။ ၁၄) တွေ့ပြီးပြန်တဲ့ အချိန်မှာ အရမ်းပျော်ကြောင်းပြောပေးပါနော်။ ၁၅) ကိုယ်မကြိုက်ရင် မကြိုက်ဖူးပြောပေးပါ ရပါတယ် လို့မပြောပါနဲ့ရှင်။

ချစ်တဲ့

လှနု