“သရုပ်ဆောင်မေသန်းနုကို အလုပ်နှင့် ထောင်တစ်နှစ်ချ”

လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် တရားရင်ဆိုင်နေရသည့် သရုပ်ဆောင်မေသန်းနုကို ယနေ့တွင် ရန်ကင်းမြို့နယ်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်သည်။ မေသန်းနုကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်း ၁၂၀၀ လိမ်လည်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာက တရားစွဲဆိုခြင်းဖြစ်သည်။ တရားရုံးက ထောင်ဒဏ်ချမှတ်ပြီးနောက် ၎င်းကို အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။