မော်လမြိုင်မြို့ထဲမှာ ကားရောလူပါဘယ်လိုပျောက်သွားလဲ ? ( ၁၉ ) ရက်ကြာပြီ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဇေယျာသီရိနယ်မြေ၊ ဗြဟ္မစိုရ်ဆေးခန်းမှ ဒေါက်တာအေးဇော်ထွန်းဟာ ဒီဇင်ဘာ ၅ ရက်နေ့ ည ၈ နာရီ ဆေးခန်းပိတ်ချိန်မှာ သူရဲ့ မိတ်ဆွေ ၃ ဦးနဲ့တွေ့ဖို့သူရဲ့သားငယ်ကိုခေါ်ပြီး နေအိမ်ကနေ Toyota Wish 3L-9150 ခဲရောင်ကားနဲ့ ထွက်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ဒေါက်တာအေးဇော်ထွန်းသည် ဖက်ခင်းလမ်းရှိ ဧရာဝတီစားသောက်ဆိုင်မှာ ၎င်းမိတ်ဆွေ ၃ ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒေါက်တာအေးဇော်ထွန်း တွေ့ဆုံခဲ့သည့်
၎င်းမိတ်ဆွေ ၃ ဦးထဲတွင် ၂ ဦးမှာ ရန်ကုန်မှ လာရောက်တာဖြစ်ပြီး မြိုင်သာယာရှိ တိမ်ပြာတည်းခိုခန်းမှာ တည်းခိုနေတာဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ မော်လမြိုင်က ဖြစ်ပါတယ်။

ည ၉ နာရီခွဲဝန်းကျင်၌ ရန်ကုန်ရောက်နေတဲ့ ဒေါက်တာအေးဇော်ထွန်းရဲ့ ဇနီးက ဖုန်းဆက်စကားပြောခဲ့ရာမှာ အဆက်အသွယ်ရခဲ့ပါတယ်။ဒေါက်တာအေးဇော်ထွန်းသည် ၎င်းမိတ်ဆွေများနဲ့စကားပြောပြီး ည ၁၀ နာရီခွဲမှာ ၎င်းမိတ်ဆွေများနဲ့ လမ်းခွဲပြီး ဧရာဝတီစားသောက်ဆိုင်မှ အိမ်ပြန်ခဲ့စဉ်နေအိမ်သို့မရောက်ရှိလာဘဲ လမ်းတွင် ကားရောလူပါ ပျောက်သွားခဲ့တာပါ။

ည ၁၁ နာရီတွင် ဒေါက်တာအေးဇော်ထွန်းရဲ့ ဇနီးဖြစ်သူက ဖုန်းဆက်ရာမှ ဖုန်းဝင်သော်လည်း
ဖုန်းမကိုင်တော့ဘူးလို့ သိရပါတယ်။ထိုနောက် ၎င်းရဲ့ဖခင်ဖြစ်သူက ညဉ့် ၁ နာရီမှာ ဖုန်းဆက်ရာမှာတော့ ဖုန်းကို စက်ပိတ်သွားပြီးဖြစ်ပါတယ်။

ဒေါက်တာအေးဇော်ထွန်းဟာ နေအိမ်ပြန်သောလမ်းကြောင်းဟာ ဧရာဝတီ စားသောက်ဆိုင်ရဲ့ ဘယ်ဘက်အခြမ်းကို ရွေးချယ်ခဲ့ပြီး မြိုင်သာယာ တိုင်းရင်းဆေးရုံအရှေ့မှတစ်ဆင့် အုတ်ဖိုလမ်းကို ရွေးချယ်ခဲ့လို့ CCTV မှတ်တမ်းများအရ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် ရဲ့တပ်ဖွဲ့များက မော်လမြိုင်အထွက် ကားနံပါတ်များကို စစ်ဆေးရာမှာ ယာဉ်အထွက်မတွေ့ရ ဖြစ်နေတယ်လို့ သိရပြီး ဒေါက်တာအေးဇော်ထွန်းနဲ့ အတူ ၃ နှစ်ခွဲသားလေ မောင်စသုတမွန်ပါသွားတာကြောင့် မိသားစုများက ပိုမိုစိုးရိမ်နေကြရပါတယ်။

တစ်စုံတစ်ဦးရဲ့ ပရောဂဆိုရင်တော့ဒေါက်တာအေးဇော်ထွန်း ဧရာဝတီ စားသောက်ဆိုင် ရောက်ကတည်းက တစ်စုံတစ်ဦးက စောင့်ကြည့်နေပြီး ကားနောက်လိုက်သွားတာလို့ တွေးမိတယ်။ ကားရောလူပါ ပြန်ပေးဆွဲတာများလား၊ ကားလုယူတာများလား။

ဆက်သွယ် ပေးရမည့် ဖုန်း များ – ဒေါက်တာ ဇာနည်အောင် – 09979274575, 09783577817

ဒေါက်တာမိုးသန်းထိုက်အောင် – 09781854990

ဒေါက် တာ နန့်သီရိ မွန် (ဇနီး) – 09975729411

Credit by Nyan