ကိုဗစ်ကာလမှာ ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော် (၂၀၈)ပါးကို နေ့ဆွမ်းလှူဒါန်းခဲ့တဲ့ ချစ်သုဝေရဲ့ ခေတ်သစ်ဖောင်ဒေးရှင်း

0
12

ကိုဗစ်ကာလအတွင်း ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော် (၂၀၈)ပါးကို နေ့ဆွမ်းလှူဒါန်းခဲ့တဲ့ ခေတ်သစ် ဖောင်ဒေးရှင်း မြန်မာနိုင်ငံအတွင်းမှာ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ခေတ်သစ်ဖောင်ဒေးရှင်းဟာ လိုအပ်နေတဲ့နေရာတိုင်းကို ကူညီဖို့အသင့်ရှိနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ် ပါတယ်နော်။

ကိုဗစ် ရောဂါကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေကိုလည်း ထောက်ပံ့ရေး ပစ္စည်းတွေကို လှူဒါန်းပြီး ကွာရန်တင်း စင်တာတွေ အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း လှူဒါန်း နေတာဘဲ ဖြစ်ပါတယ်နော်။

ယနေ့မှာတော့ ကိုဗစ်ကာလမှာ ဆွမ်းအခက်အခဲဖြစ်နေတဲ့ သံဃာတော် (၂၀၈)ပါးအတွက် ခေတ်သစ် ဖောင်ဒေးရှင်းကနေ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်နော်။ကိုဗစ် ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို

ဆွမ်းခံထွက်ခြင်းများမပြုလုပ်ကြတဲ့ သံဃာတော်များအတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) ရက်သားသမီးများနှင့်စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊

ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော် (၂၀၈) ပါးအတွက် နေ့ဆွမ်းလှူဖြစ်ခဲ့တယ်။ ပြုခဲ့ရသော ကုသိုလ်အစုစုကို (၇) ရက်သားသမီးများထပ်တူရရှိကြပါစေ။

ရောဂါကပ်ဆိုးကြီးကိုလည်း အမြန်ဆုံးကျော်လွှားနိုင်ပါစေ ဆိုပြီးတော့ တင်ထားတာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီးလည်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေ။source;ခေတ်သစ်ဖောင်ဒေးရှင်း

LEAVE A REPLY

Please enter your comment!
Please enter your name here