ကိုဗစ် ဒုတိယ လှိုင်း နောက်ပိုင်း တွင် လည်း တတိယ လှိုင်း၊ စတုတ္ထ လှိုင်း များ ပါ ရောက်ရှိ လာနိုင် ကြောင်း ကျန်းမာရေး ဝန်ကြီးပြော ပြီ

0
43

ရန်ကုန် တိုင်းဒေသကြီး တွင် ဆောင်ရွက် နေသည့် ပြည်သူ့ ကျန်းမာရေး လုပ်ငန်း များ၊ ကုသရေး လုပ်ငန်း များ၊ အသွား အလာ ကန့် သတ် ခြင်း (quarantine) လုပ်ငန်း များနှင့် လူနာ နှင့် ထိတွေ့မှု ရှိခဲ့ သူများ အား ရှာဖွေ ဖော် ထုတ်ခြင်း (contact tracing) လုပ်ငန်း များတွင် ထပ် မံပံ့ပိုး အားဖြည့် ရန်အတွက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ဦးဆောင် သည့် COVID 19 ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့ဝင် ((၂၃)ဦးပါဝင်သော ကွင်းဆင်းအဖွဲ့ (၃) ဖွဲ့ကို လည်း စက်တင်ဘာ လ (၁၅) ရက်တွင် စေလွှတ်ထားပြီး လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်နေသည်ကို တွေ့ရှိ ရကြောင်း ကျန်းမာရေး နှင့် အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ဝန်ကြီးက ပြောကြားလိုက်သည်။

ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ လူနာ (၄၀၀) ထားရှိနိုင်သည့် ကိုဗစ်-၁၉ ကုသရေးဌာန (သုဝဏ္ဏ)တွင် (၂၀) ခုတင်ပါဝင်သည့် အထူး ကြပ်မတ် ကုသ (ICU) ဆောင်နှင့် ခုတင် (၈၀) ပါဝင်သည့် High Dependency Unit တို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ဒဂုံမြို့သစ် (တောင် ပိုင်း) ရှိ အောင်မြင့်မိုရ် အိမ်ရာတွင် ခုတင် (၁,၅၀၀) ပါဝင်သည့် ယာယီ ဆေးရုံကိုလည်း တည်ဆောက်လုပ်ဆောင် နေသည်။“ နည်းပညာ ပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြု အားဖြည့်ဆောင်ရွက်နိုင်ရေး အဖွဲ့” ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက် တာကျော်မြင့်က ကိုဗစ်-၁၉ သည် လုံးဝပပျောက်သွားခြင်းမျိုးမရှိဘဲ ကမ္ဘာပေါ်တွင် ဆက်လက်ရှိနေဦးမည် ဖြစ်သဖြင့် ရောဂါကာ ကွယ် ရန်အတွက် မိမိတို့အားလုံးသည် နေထိုင်မှုပုံစံအသစ်ဖြင့် လိုက်လျောညီထွေ စွာ နေထိုင်သွားရမည် ဖြစ်ကြောင်း ပြော ကြားသည်။

ယခု ကိုဗစ် ကူးစက်မှု ဒုတိယလှိုင်းနောက်တွင် လည်း ကူးစက်မှု လှိုင်းများ ရှိလာနိုင်ကြောင်း၊ ဒုတိယလှိုင်း ပြီးဆုံးပြီးနောက်လည်း ပြည်သူ များ အနေနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ရန် လိုအပ်ပြီး ကမ္ဘာပေါ် တွင် ထိရောက်အစွမ်းထက်သော ကာကွယ် ဆေးများ ပေါ်ထွက်လာပြီး ပြည်သူများ ထိုးနှံပြီးမှသာ ကိုဗစ် ကူးစက်မှုလှိုင်းများ ထပ် မံ မဖြစ် ပွားတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားလိုက်သည် ။

မိမိ တို့နိုင်ငံတွင် ကိုဗစ် ကပ်ရောဂါကူးစက်မှု ပထမလှိုင်း ဖြစ်ပွားပြီးနောက် ရောဂါ ကာကွယ်ရေး နည်းလမ်းများအား လိုက်နာဆောင်ရွက် မှု အားနည်းခဲ့ကြောင်း၊ ကိုဗစ် သည် အသက်ရှူလမ်းကြောင်းမှ ကူးစက်ဖြစ်ပွားခြင်း၊ မျိုးဗီဇပြောင်းလဲမှုများရှိနေခြင်း၊

ရောဂါကူး စက် ခံ ထားရသော်လည်း ရောဂါလက္ခဏာမရှိသူများ ရှိခြင်း စသည့် အချက်များကြောင့် သတိထားရမည်ဖြစ်ကြောင်း ဒေါက်တာ မြင့်ထွေး က ရှင်းပြသည်။ သို့ဖြစ်၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို ထိရောက်သော ကာကွယ်ဆေးမပေါ်မီအချိန်အထိ ရောဂါ ကာ ကွယ် ၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင် ရမည်ဖြစ်ကြောင်း ဝန်ကြီးက သတိပေးသည်။

ပြည်သူ များ အနေဖြင့်လည်း ပေါ့ဆမှု (လုံးဝ) မရှိဘဲ ရှေ့ဆက်လက်၍ ရောဂါကာကွယ်ရေး နည်းလမ်းများကို တိကျစွာ လိုက်နာဆောင်ရွက် ကြ စေလို ကြောင်း ဒေါက်တာမြင့်ထွေးက ပန်ကြားသည်။ရန်ကုန်တိုင်းဒေသကြီးတွင် မိမိအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အစီ အစဉ်ဖြင့် လုပ်ဆောင်နေသော်လည်း အမှန်တကယ် လိုက်နာမှသာ နှစ်ပတ်ကြာတွင် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ကျလာ မည်ဖြစ် ကြောင်း၊

လက်ခ စားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများလည်း လာမည့် (၂၄) ရက်နေ့မှ စ၍ ခေတ္တ ပိတ်ထားမည်ဖြစ်၍ ကူးစက်မှုများ ကျသွား မည် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။ ဆက်လက် ဖွင့်လှစ်ခွင့်ရရှိသော စက်ရုံ၊ အလုပ်ရုံများကိုလည်း ရော ဂါကာ ကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်ခြင်း ရှိ၊ မရှိအား တင်းကြပ်စွာ စိစစ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြား သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်ရေးကို ကြီးကြပ် ဆောင် ရွက်ပေး ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်များထံသို့ အကြောင်း ကြားထားပြီး စတင်ဆောင်ရွက်လျက်ရှိ ကြောင်း ဝန်ကြီး က လက်ရှိအခြေအနေကို ရှင်းပြသည် ။

LEAVE A REPLY

Please enter your comment!
Please enter your name here