ကုတင် ပေါ်က ကိစ္စ တွေ ကိုပဲ စိတ်ဝင်စား ကြတဲ့ သူတွေ ကို ထိထိ မိမိ တုန့်ပြန် ပြော ဆိုလိုက် တဲ့ ဖြူဖြူကျော်သိန်း (ရုပ်/သံ)

0
15

ဖူဖြူကျော်သိန်း ဟာ ဂီတ လောက ကို စတင်ဝင်ရောက် လာကတည်း က ဆန်းသစ် တဲ့ ဖက်ရှင် များ၊အသံပါဝါ ကောင်းကောင်း နဲ့ ချိုသာ သော အပြုံးတွေ ကို ပိုင်ဆိုင် ထားတဲ့ အမျိုး သမီး အဆိုတော် တစ်ယောက် ပါ။

တစ်ကိုယ် တော်အ ခွေ တွေ လည်း အများကြီး ထွက်ရှိထား တာ ဖြစ်သလိုတစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူဖြစ်ပြီး ဂီတသက်တမ်း (၁၇) နှစ်အကြာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည် နေ တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်ဖြူဖြူကျော်သိန်းကတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ အမြင်ကို လည်း ရဲရဲ ရင့်ရင့် ချပြလေ့ ရှိတာပါ။

ယခုအခါ မှာလည်း ဖြူဖြူကျော်သိနိးက ကုတင်ပေါ်က ကိစ္စတွေကိုပဲ စိတ်ဝင်စားကြတဲ့ သူတွေကို ထိထိမိမိ တုန့်ပြန်ပြောဆိုလာခဲ့တာဖြစ် ပါ တယ်“လူတွေက အားနေရင် သူများ ရဲ့ကုတင်ပေါ်က ကိစ္စတွေ၊ ပြုပြင်လို့ မရတဲ့ သွင်ပြင်လက္ခဏာတွေ ကိုပဲ စိတ်ဝင်စား ကြတယ်။လူ တစ်ယောက် တွေ့တာနဲ့ အိမ်ထောင်သည်လား၊အပျိုကြီးလား၊လူပျိုကြီးလား ဂေး လား ပဲ ကြည့်နေကြတယ်။အားနေတဲ့ သူတွေ ရဲ့စိတ် နဲ့ ဦးနှောက် တွေ က မဟုတ်တာတွေဘဲ စဉ်းစားနေကြတယ်” လို့ ဆိုလာခဲ့တာပါ။

“အားနေတဲ့ လူတွေရဲ့ စိတ်ကမကောင်းဆိုးဝါးရဲ့အလုပ် ရုံဆိုတဲ့ အင်္ဂလိပ်ဆိုရိုးစကားတစ်ခုရှိတယ်ပေါ့နော် အဲ့ဒီအတိုင်းပဲပေါ့ လူတွေကအားလို့ ရှိ ရင် မဟုတ်တာတွေပဲစဉ်းစားတာလေ လူတစ်ယောက်ကိုတွေ့ရင် ဒီကုတင်ပေါ်ကကိစ္စတွေပဲစဉ်းစားနေတာလားပေါ့ အဲ့လိုလူတွေ ဆို အရမ်းအံ့ဩတယ် ဖြူဖြူဆို အဲ့လိုမျိုးတခါမှ စိတ်မဝင်စားဖူးဘူး လူတယောက်ကဘာလို့ သူများရဲ့ Personal Issue တွေကို စိတ်ဝင် စားတာလဲပေါ့နော် အဲ့လိုလူတွေကို အံ့ဩလို့ပါ ” လို့ ပြောသွားခဲ့တာဖြစ်ပါတယ်ဖြူဖြူကျော်သိန်းကတေ သူမရဲ့ ပုံစံအတိုင်း လူတစ်ယောက် ရဲ့ Personal Issue တွေကို စိတ်ဝင်တစားရှိသူတွေကို ထိထိမိမိ ပြောဆိုလာခဲ့တာဖြစ်ပါတယ်နော် ဖြူဖြူကျော်သိန်းပေါ် အမြင်လေးကို လည်းမျှဝေခဲ့ကြပါအုန်းနော်…

crd

LEAVE A REPLY

Please enter your comment!
Please enter your name here