ကျန်းမာရေးကိုအထောက်အကူပြုတဲ့ငှက်ပျောသီး

0
7

လူတွေက ငှက်ပျောသီးကို အစာပြေသဘော အနေနဲ့စားသုံးကြပါတယ်။ မြန်မာနိုင်ငံမှာ ငှက်ပျောသီးကို နေရာအနှံ့မှာ တွေ့နိုင်ပါတယ်။ ငှက်ပျောသီးဟာ အရသာ

ရှိပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်။ ဒီနေ့တော့ kwee page ကနေ ငှက်ပျောသီးရဲ့ ကျန်မားရေးအထောက်အကူပြု ပုံအကြောင်း ပြောပြပေးသွားမှာပါ။

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ် များစွာပါဝင်တယ်။

ငှက်ပျောသီးမှာ ပါတဲ့ အာဟာရဓာတ်တွေကတော့ လူတွေအတွက် အကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ အမျှင်ဓာတ် ပါဝင်မှု များလို့ အစာကြေလွယ်စေတယ်။ ဓာတ်

တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းစေပြီး ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။

အစာခြေစနစ်အတွက် ကောင်းတယ်။

6 Good Reasons to Eat a Banana Today

ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအမျှင်ဓာတ်ဟာ အူမကြီးထဲရောက်သွားတဲ့အခါမှာ ကိုယ်ခန္ဓာ အကျိုးပြုဘက်တီးရီးယားတွေအတွက်

အစာဖြစ်သွားပါတယ်။ ဒီဘက်တီးရီးယားလေးတွေ များလာတာနဲ့ ကိုယ်ခံအားစနစ်ကိုသာမက အစာကောင်းကောင်း ချေဖျက်နိုင်ဖို့ကိုလည်း ကူညီပေးတယ်။ အူမြ

ကီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် လျှော့ကျစတေယ်

ကိုယ်အလေးချိန် ချဖို့ ရည်မှန်းထားတဲ့ လူတွေအတွက် စားပေးသင့်တဲ့ အသီးတွေထဲမှာ ငှက်ပျောသီး ပါဝင်ပါတယ်။ ငှက်ပျောသီးမှာ ကယ်လိုရီပမာဏ နည်းပြီး

ပရိုတင်းဓာတ်နဲ့ တခြားအကျိုးပြု အာဟာရဓာတ်တွေ အများအပြား ပါဝင်ပါတယ်။အားကစားသမားတွေအတွက် ကောင်းတယ်

ငှက်ပျောသီးက တစ်နေ့တာအတွင်း ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်လို့ အားကစားသမားတွေအတွက်သာမက လေ့ကျင့်ခန်းလိုက်စား

သူတွေအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။ အချိန်ခဏအတွင်းမှာ ကြွက်သားတည်ဆောက်ဖို့ ရည်မှန်းထားတဲ့ လူတေါအတွက် ငှက်ပျောသီးကို Gym

မကစားခင် တစ်လုံးလောက်ဖြစ်ဖြစ် စားပေးတာက များစွာအထောက်အကူဖြစ်စေပါတယ်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here