ကွယ်လွန်သွားတဲ့ ဗဟိုစည်ဆေးရုံက အကူသူနာပြုဆရာမလေးအတွက် ငွေဘယ်လောက်ပေးတယ်ထင်လဲ…..

0
20

ကွယ်လွန်သွားတဲ့ ဗဟိုစည်ဆေးရုံက အကူသူနာပြုဆရာမလေးအတွက် ငွေဘယ်လောက်ပေးတယ်ထင်လဲကွယ်လွန်သွားတဲ့ ဗဟိုစည်ဆေးရုံက အကူသူနာပြုဆရာမလေးအတွက် ငွေဘယ်လောက်ပေးတယ်ထင်လဲ(ကိုဗစ်ရောဂါဖြင့်ကွယ်လွန်ခဲ့သည့် ဗဟိုစည်ဆေးရုံမှ သူနာပြုအကူ မခင်မျိုးသူ၏ ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းနှင့် အင်တာဗျူး)

ဗဟိုစည်ဆေးရုံတွင် သူနာပြုအကူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မခင်မျိုးသူ(အသက်၂၃နှစ်)သည် Covid19 ရောဂါဖြင့် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။မခင်မျိုးသူသည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မင်ဂရုကျေးရွာအုပ်စု ကျောင်းရွာကျေးရွာတွင် နေထိုင်သည့် ဦးအောင်ဇော်လင်းနှင့်ဒေါ် ခင်ဌေးရီတို့၏ သမီးဖြစ်သည်။ သမီးဖြစ်သူ Covid19 ရောဂါဖြင့် ကွယ်လွန်ခဲ့သည့်အပေါ် ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းနှင့်ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

မေး။ ဦးလေးရဲ့သမီး ရောဂါစဖြစ်တဲ့အချိန်ကနေ ကွယ်လွန်ချိန်အထိ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို ပြောပြပေးပါလား။ဖြေ။ သူနဲ့အတူနေတဲ့ သူ့သူငယ်ချင်း မခင်သိုက်က ဦးဆီကို ဖုန်းဆက်တယ်။ဒီလ ၁ဝရက်နေ့လောက်က ထင်တယ်။ ဦးရေ ခင်မျိုးသူကတော့ ဒီမှာ အခြေအနေမကောင်းဘူး။ ရင်တွေတုန်တယ် ခေါင်းတွေမူးတယ် ဖြစ်နေတယ်တဲ့။ အဲဒီအချိန် သူတို့ဆေးရုံက Lockdown အချခံထားရတယ်။သားသမီးဇောဆိုတော့ သမီးကို အပြင်မှာ ဆေးကုဖို့ ကျွန်တော် ရွာက ပရဟိတကားနဲ့ ရန်ကုန်တိုင်းက ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်ဘုတ်နားအထိ ကျွန်တော်လာတယ်။ အဲဒီအချိန်မှာ သမီးကို ရန်ကုန်မှာရှိတဲ့ ကျွန်တော့် ယောက်ဖကို တက္ကစီနဲ့ ခေါ်ခိုင်းလိုက်တယ်။

ပြီးတော့ တောင်ဥက္ကလာက ဆေးရုံတရုံမှာ သွားပြတော့ ဆေးရုံက ကိုယ်တွေပူနေလို့ လက်မခံဘူးလို့ပြောတယ်။ အဲဒါနဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကို သွားပြကြတယ်။ တောင်ဥက္ကလာက ဆေးရုံကို သူနဲ့အတူနေတဲ့သူငယ်ချင်းတွေပါ လိုက်ပို့ကြတာ။ ပြီးတော့ အဲဒီမှာပဲကျန်ခဲ့ပြီး စံပြဆေးရုံကိုတော့ မလိုက်ကြတော့ဘူး။ကျွန်တော်လည်း စံပြဆေးရုံကို လိုက်သွားတယ်။ သမီးကိုတွေ့တော့ ဝှီးချဲပေါ်မှာ သူ့ကိုယ်သူတောင် မသယ်နိုင်တော့ဘူး။ ခေါင်းလဲမထူနိုင်တော့ဘူး။ အဲဒီက အာထရာဆောင်းတွေ ဘာတွေရိုက်တယ်။တကယ်လို့ မသက်သာရင် နောက်နေ့လာပြပါဆိုပြီး ပြောလိုက်တယ်။

အဲဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့သမီးနဲ့ ဒေါပုံက ကျွန်တော့်အစ်ကိုအိမ်မှာ ညအိပ်ဖို့သွားကြတယ်။ သူတို့က ငါးလွှာမှာနေတာ။ ကျွန်တော့်သမီးကို ငါးလွှာအထိ ကုန်းပိုးပြီးတော့ ကျွန်တော်ချီသွားတာ။ တိုက်ခန်းပေါ်ရောက်တော့ သမီးက သေးပေါက်လို့ ပေါက်မှန်းလည်း မသိတော့ဘူး။ ကျွန်တော်တို့လည်း တညလုံးပြုစုပေါ့လေ။

နောက်နေ့မနက်ကျတော့ ရန်ကုန်ပြည်သူ့ဆေးရုံကို သွားပြတယ်။ ဆေးရုံက နှာခေါင်းတို့ပတ်တို့ အာခေါင်တို့ပတ်တို့ ယူလိုက်တယ်။ပြီးတော့ သမီးက ဆီးချိုသွေးချိုတွေ တအားတက်နေတယ်တဲ့။ သူ့အမေမှာ ဆီးချိုရှိလားလို့မေးတယ်။ သူ့အမေမှာလည်း မရှိဘူး။ ကျွန်တော့်မှာလည်း မရှိဘူးလို့ ဖြေလိုက်တယ်။ ည ၉နာရီခွဲ ၁ဝနာရီလောက်ကျတော့ ဆေးရုံပြောင်းရမယ်ဆိုပြီးတော့ ဆေးရုံဝင်းထဲက တခြားနေရာကို ရွေ့လိုက်တယ်။ အဲဒီအချိန်မှာ သမီးက သတိမရတော့ဘူး။ နောက်နေ့ မနက်ကျတော့ ဆုံးသွားတာပေါ့လေ။

မေး။ ဆုံးပြီးသွားမှ Covid -19 လို့ သိရတာလား။ ဆေးရုံက ဦးလေးကို ဘယ်လိုလာပြောတာလဲ။ဖြေ။ ဆုံးပြီးသွားမှ Covid-19 Positive လို့ ဆေးရုံကပြောတာ။ အဲဒီက တာဝန်ကျတဲ့ ဝန်ထမ်းတယောက်က ညီလေးရေ မင်းရဲ့သမီးကိုတော့ နိုင်ငံတော်က ကုန်ကျစရိတ်ခံပြီး အကုန်လုပ်ပေးပါ့မယ်လို့ လာပြောတယ်။ ကျွန်တော့်သမီးကို မီးသြင်္ဂိုလ်လိုက်လား။ မြေမြှုပ်လိုက်လား ကျွန်တော်မသိပါဘူး။

မေး။ ငွေကြေးကူညီထောက်ပံ့တာမျိုးရောရှိလား။ဖြေ။ သမီးမဆုံးခင် တရက်မှာ ဗဟိုစည် ဆေးရုံက အန်တီစိုးဆိုတဲ့ အမျိုးသမီးတယောက် ဖုန်းဆက်တယ်။ ငွေတသိန်းလွှဲပေးပါ့မယ်ဆိုပြီး လွှဲပေးတယ်။ ကျေးဇူးတင်ပါတယ်လို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ခဏနေတော့ ဆေးရုံးကြီးက ဆရာမတယောက်က ဦးအောင်ဇော်လင်းကို ငွေတသိန်းလွှဲပေးလိုက်တယ်လို့ လာပြောတယ်။ သူတို့အချင်းချင်းလည်း သိတယ်နဲ့တူပါတယ်။

ကျွန်တော်လည်း တယောက်တည်းဖြစ်နေတော့ အဲဒီဆရာမကို ဆရာမပဲ ယူထားလိုက်ပါ။ ဆေးဖိုးလိုရင် အဲဒီထဲကပဲသုံးပါဆိုပြီး ပေးထားလိုက်တယ်။ ပြီးတော့ ဘောက်ချာလာပေးပါတယ်။ ရှစ်ထောင်ပဲ ပိုပါတော့တယ်။ ကျွန်တော့်မှာ အခု အဲဒီရှစ်ထောင်ရှိပါတယ်။ ဒါ ဆေးရုံက ကူညီတာပါ။ သမီးဆုံးပြီးတဲ့အချိန်ကနေ အခုထိတော့ ဆက်သွယ်တာ မရှိသေးပါဘူး။

မေး။ အခုဦးလေးရဲ့ ကျန်းမာရေးအခြေအနေရော ဘယ်လိုရှိပါလဲ။ဖြေ။ ကျွန်တော့်ကျန်းမာရေးကတော့ ကောင်းပါတယ်။ အ ရန်ကုန်မှာ Quarantine ဝင်နေတာ ၃ ရက်ရှိပါပြီ။မေး။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။ဖြေ။ ကျွန်တော်တို့ကတော့ ဘာမှ မလိုချင်ပါဘူး။ သူရဲ့ကံကြမ္မာကိုယ်က ဒီရောဂါနဲ့သေရမယ်ဆိုတာ ပါလာပြီးမို့ ဒီလိုဖြစ်သွားတယ်လို့ပဲ သဘောထားပါတယ်။ နောင်တတော့ ရတာပေါ့ကွာ။ ငါ့သမီးလေး မသေခင်တုန်းက ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူ့သူငယ်ချင်းတွေ သုံးလေးယောက်လောက် ရှိသေးတယ်ကွ။သူတို့အတွက် ငါစိတ်ပူတယ်ကွာ။

Credit

LEAVE A REPLY

Please enter your comment!
Please enter your name here