ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၄၂ ) ရပ်ကွက်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်ကို Quarantine centre အဖြစ်လုပ်ဆောင်မည်

0
9

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ၄၂ ရပ်ကွက်ရှိ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် ထိတွေ့ခဲ့သော

စောင့်ကြည့်လူနာများထားရှိနိုင်ရေးအတွက် Quarantine center အဖြစ်လုပ်ဆောင်ရန်ပြင်ဆင်မူများ ဆောင်ရွက်လျက် ရှိကြောင်းရန်ကုန်တိုင်းဒေ သကြီး၊ ဒဂုံ

မြို့သစ် (မြောက်ပိုင်း) မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှသိရသည်။

ဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာသည့်အတွက် မြို့နယ် အတွင်းရှိ ပျံကျဈေးများအားလုံးကို နံနက် ၁၀ နာရီအထိသာ

ရောင်းချရန်နှင့် ညနေပိုင်း ပျံကျဈေးများ အားလုံးကို ညနေ ၆ နာရီအထိသာရောင်းချရန် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သတ်မှတ်ထား ကြောင်းသိရသည်။

ထို့ပြင် မြို့နယ်အတွင်း စားသောက်ကုန်၊သား၊ ငါး၊ကုန်စိမ်း၊ ကုန်ခြောက်၊တကိုယ်ရည်သုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ စသည့်ဆိုင်များမှအပ

အခြားဆိုင်များ ယာယီ ပိတ်သိမ်းရန် ညွှန်ကြားထားကြောင်းသိရသည်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here