ပထမဦးဆုံး သမီးရတနာလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပြီဖြစ်တဲ့ သရုပ်ဆောင် ဆန်းသစ်လ

0
18

အဆိုတော်ကြီး မေရွက်ဝါရဲ့ သမီးဖြစ်သူ ဆန်းသစ်လဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အမေ့ရဲ့ခြေရာကိုနင်းပြီး သီချင်းတွေကိုလည်း သီဆိုတတ်သူတစ်ယောက် ဖြစ်ပါတယ်။

ဆန်းသစ်လဟာ ပြီးခဲ့တဲ့ (၂၀၁၉)ခုနှစ် မတ်လမှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် အိမ်ထောင်သက်တစ်နှစ်ကျော်တောင် ရှိပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားတဲ့ကာလမှာ ဆန်းသစ်လဟာ သူမရဲ့ ပထမဦးဆုံး ရင်သွေးလေးကိုလည်း လွယ်ထားရပြီ ဖြစ်ပါတယ်။.

ဒီကနေ့ စက်တင်ဘာလ (၂၃) ရက်နေ့မှာတော့ ဆန်းသစ်လက သူမရဲ့ ပထမဦးဆုံး ရင်သွေးလေးကို မွေးဖွားခဲ့ပြီ ဖြစ်ပါတယ်။ သမီးလေးကို မနက်ဖြန် ကြာသပတေးနေ့မှာမွေးဖွားဖို့ စီစဉ်ပေးထားပေမယ့် သမီးလေးကတော့ ဗုဒ္ဓဟူးနေ့မှာ မွေးခဲ့ပြီး စက်တင်ဘာလ (၂၃) ရက်၊ မနက် (၆) နာရီ (၄၄) မိနစ် တိတိမှာ (၈) ပေါင်၊ (၂) အောင်စနဲ့ ကျန်းကျန်းမာမာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။

ဆန်းသစ်လကတော့ သူမရဲ့ ပထမဦးဆုံး ရင်သွေးလေးကို အခက်အခဲမရှိ အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မိခင်တစ်ယောက်ဖြစ်သွားတဲ့ ဆန်းသစ်လအတွက် ဝမ်းသာဂုဏ်ပြုစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Win Myat ‘s fb
Bilie – Cele Connections

LEAVE A REPLY

Please enter your comment!
Please enter your name here