ပိုးတွေ့လူနာ (၁၀၀၀) နီးပါးကုပေးနိုင်မယ့်နေရာတွေအတွက် အစိုးရနဲ့တပ်မတော် ပူးပေါင်းဆောင်ရွက်

0
9

ပိုးတွေ့လူနာ ၁၀၀၀ နီးပါးကုပေးနိုင်မယ့်နေရာတွေအတွက် အစိုးရနဲ့တပ်မတော်ပူးပေါင်းဆောင်ရွက်

ရန်ကုန်တိုင်းအတွင်းကိုဗစ် ၁၉ ရောဂါပိုးတွေ့သူတွေများလာတဲ့အတွက် ပိုးတွေ့သူတွေကို ကုသမှုပိုမိုထိရောက်စေဖို့အတွက် လူဦးရေ ၁၀၀၀ ဝန်းကျင်ကုသနိုင်ဖို့ ဒီ

ကနေ့ညမှာ တပ်မတော်က ပြင်ဆင်ဆောင်ရွက်မှုတွေလုပ်နေပြီလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောဆိုပါတယ်။

အရပ်သားပိုးတွေ့လူနာတွေများလာတာကြောင့် ထိထိရောက်ရောက်ကုသမှုပေးနိုင်ဖို့အတွက် အစိုးရနဲ့တပ်မတော် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။

အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှု ကိုဗစ် ၁၉ ရောဂါပိုးတွေ့ သင်္ဃာတော် ၇၀ နီးပါးကို ကုသမှုပေးမယ့် မှော်ဘီတပ်မတော်ဆေးဘက်ဆိုင်ရာသင်တန်းကျောင်းကို

အရပ်သား ၂၀၀ ကျော်ကုသနိုင်ဖို့ပြင်ဆင်ဆောင်ရွက်နေပြီးအဲဒီသင်္ဃာတော်တွေကို ရန်ကုန် အင်းစိန်စော်ဘွားကြီးကုန် ကျောက်တော်ကြီးသာသနာ့ဗိမာန်မှာ တပ်မေ

တာ်ကပြောင်းရွေ့ကုသဖို့လုပ်ဆောင်နေပြီလို့ဆိုပါတယ်။အဲဒီအပြင် ရဲမွန်မှာရှိတဲ့တပ်မတော်သင်တန်းကျောင်းမှာလဲ အရပ်သား၂၀၀ ကျော်ကုသပေးနိုင်ဖို့ဆောင်ရွက်နေ

သလို ရန်ကုန်မှာရှိတဲ့ တပ်မတော်ခန်းမမှာလဲ အရပ်သားတွေကို ကုသပေးနိုင်ဖို့ နီးစပ်ရာတိုင်းဌာနတွေကပါရဂူတွေဆရာဝန်တွေကို စေလွှတ်လိုက်ပြီလို့ ဗိုလ်မှူးချုပ်

ဇော်မင်းထွန်းကပြောဆိုပါတယ်။ တပ်မတော်သားမိသားစုဝင်တွေတပ်မတော်အငြိမ်းစားယူထားတဲ့သူတွေကိုတော့ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံနဲ့ တပ်

မတော်ကုတင် ၁၀၀၀ ဆေးရုံတို့မှာကုသမှုပေးမှာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၈၀၀၀ကျော်နဲ့ သေဆုံးသွားသူ ၁၅၀ ကျော်ရှိနေပြီဖြစ်ပါ

တယ်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here