ပေါ်ပင်လုပ်ချင်တာလို့ထင်ခဲ့မိပေမယ့် COVID အတွက် တကယ်ကို အားတက်သရော ကူညီနေတဲ့တူမလေးကို ချီးကျူးစကားဆိုခဲ့တဲ့ ထွန်းအိန္ဒြာဗိုလ်

0
9

Covid ကပ်ကာလမှာ Volunteer တွေအများအပြားရှိလာခဲ့ပြီး အားလုံးဟာလည်း နိုင်ငံအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီနေကြ တဲ့သူတွေချည်းပါပဲ။ လူနာတွေတစ်နေ့တခြား ပိုပိုပြီးများလာခဲ့သည့်တိုင် ကူညီသူတွေရော ကုသပေးသူတွေမှာ မနားမနေအလုပ်တွေ ကြိုးစားနေခဲ့ကြတာ အားလုံးလည်းမျက်မြင်ပါပဲ။ ထွန်းအိန္ဒြာဗိုလ်ရဲ့တူမလေးဟာလည်း ပြည်သူကိုကူညီနေတဲ့ တာဝန်ကျေတဲ့ပြည်သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။

စစဖြစ်ချင်းမှာ သူမရဲ့အကိုဖြစ်သူနဲ့အတူ Volunteer လိုက်လုပ်မယ်လို့ပြောစဉ်က တူမလေးကို ကလေးစိတ်နဲ့ပေါ်ပင်ဖြစ်ချင်တယ် လို့ထင်ခဲ့မိပေမယ့် တူမလေးရဲ့ ပရဟိတစိတ်နဲ့ မနားမနေ ကူညီမှုတွေကိုမြင်ရတဲ့အခါမှာ အားနာစိတ်ဖြစ်မိတဲ့အကြောင်းပြောပြလာခဲ့ပြီး တူမလေးနဲ့ လူအားလုံး အန္တရာယ်ကင်းဖို့လည်း ဆုတောင်းပေးခဲ့ပါသေးတယ်။

ဒီအကြောင်းကို ” ကျမ အကို ( သူ့ ဘဘကြီး ) နဲ့ volunteer လိုက်လုပ်မယ် ခွင့်တောင်းတုန်းက ခလေးစိတ်နဲ့ ပေါ်ပင်လုပ်ချင်တာလို့ ထင်ခဲ့မိသေးတယ် ( sorry သမီး ) COVID စ ဖြစ်တယ် ဆိုကတည်းက တရက်မှ မနားသေးဘူး p+ လူနာတွေကြားထဲက ကျမ တူမလေး ( မသက် ရဲ့ သမီးလေး) နဲ့အတူ အားလုံး (အားလုံး) အန္တရာယ်ကင်းကြပါစေ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

Happy – Cele Zone
Photo – Htun Aeindra Bo

LEAVE A REPLY

Please enter your comment!
Please enter your name here