ဘယ်လို လူတွေက တစ်ကယ် လူဖြစ်ရှုံးသလဲ ဆိုတာ ( လူဖြစ်ရှုံးကြသူများ )

    0
    5

    ဘယ်လိုလူတွေက တစ်ကယ် လူဖြစ်ရှုံးသလဲ ဆိုတာ ( လူဖြစ်ရှုံးကြသူများ )

    လူဖြစ်ရှုံးကြသူများ… ဘယ်လိုလူတွေက လူဖြစ်ရှုံးလဲဆိုတာ ဖက်ကြည့်ရအောင်

    ” လူဖြစ်ရှုံးကြသူများ ”

    ( ၁ ) လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စု လိုက် အတင် းတုပ်ပြီး အပုပ်ချ အကြောင်းမ ရှိအကြောင်း ရှာ နှိမ့်ချ ပြော တတ် သူ ၊

    ( ၂ ) သူတပါး ပျက်ဆီးရာ ပျက်ဆီးကြောင်း မဟုတ် မမှန် သတင်းလွှင့် ၊ အတင်းအဖျင်း ပြောတတ်သူ ၊

    ( ၃ ) သူတပါးအပေါ်တွင် အမြဲ အနိုင်ယူ လိုချင်နေ သူ ။ သူတပါး မျက်ရည်စက် လက် အရှုံးကြီး ရှုံးနိမ့်မှုအပေါ်တွင် ဝမ်းသာ အားရ အောင်ပွဲ ခံနိုင်သူ

    ( ၄ ) ကိုယ့်လက်အောင် ငယ်သား အပေါ်တွင် ညှာတာမှု မရှိပဲ အမြဲလိုလို အကာအကွယ် မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့် တတ်သူ ၊

    ( ၅ ) နေရာတကာ လူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေပြည့် ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာ နထောင်လွှား၍ မောက်မာ တတ်သူ၊

    ( ၆ ) မိဘ စည်းစိမ် အပေါ်တွင် သာယာ ယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေ ချင်နေသူ ၊

    ( ၇ ) ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေ သူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေ ကြီးပေါ်က လူတွေ အကြောင်းမသိသူ ၊

    ချမ်းသာ သွားသည်နှင့် ဆင်းရဲခြင်း ဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ ၊

    ( ၈ ) မြေနိမ့်ရာ လှံစိုက် – ရေနစ်ရာ ဝါးကူထိုး အမြဲလုပ်တတ်သူ …၊

    ( ၉ ) တစ်ခုခုဆိုလျှင် မှန်သည်မှားသည် မစဉ်းစားပဲ “ ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအ များနှင့် ရောနှောလုပ်ဆောင်တတ်သူ …၊

    ( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် ထိုလူများရှိသည်)

    ( ၁၀ ) ကိုယ်ကိုယ်တိုင်က မည်သည့် အရည်အချင်းမှ မရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာ မပွားနိုင်သူ မနာလို မရှူစိမ့်ဖြစ်ပြီး ဒေါသ ပွားနေသူ …၊

    Credit; to Original

    LEAVE A REPLY

    Please enter your comment!
    Please enter your name here