ဘုရားတရားအရမ်းလုပ်တဲ့ အဘိုးအဘွားတွေနဲ့ အနေများပြီး သြကာသဆိုတဲ့ စကားလေးကိုတောင် တတွတ်တွတ်ပြောတတ်နေပြီဖြစ်တဲ့ ယွန်းဝတီလွင်မိုးရဲ့သားလေး LIAM

0
33

သရုပ်ဆောင်နဲ့ မော်ဒယ်လ် ယွန်းဝတီလွင်မိုးကတော့ မင်းသားချော ဖေဖေ လွင်မိုးနဲ့ မင်းသမီးတစ်ယောက်နီးပါးလှတဲ့ မေမေတို့ရဲ့ လှပတဲ့ အစိတ်အပိုင်းတွေအားလုံးကို အမွေရရှိထားသူ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်က အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက လက်ရှိမှာ သြစတေးလျနိုင်ငံမှာ ကျောင်းသွားတက်နေတာဖြစ်ပြီး သူမရဲ့သားလေး Liam ကတော့ ဘိုးဘိုးဘွားဘွားတွေနဲ့ မြန်မာပြည်မှာ ကျန်ခဲ့တာပဲ ဖြစ်ပါတယ်။

Liam လေးကတော့ ဖေဖေ၊ မေမေနဲ့ အနေဝေးပေမယ့် ဘိုးဘိုး၊ ဘွားဘွားရဲ့ အနီးကပ်စောင့်ရှောက်မှုနဲ့ တစ်နေ့တစ်ခြား ချစ်စရာကောင်းစွာ ကြီးပြင်းလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Liam လေးက သူ့ရဲ့ မပီတပီ စကားသံလေးနဲ့ သြကာသဆိုပြီး တတွတ်တွတ်ပြောနေတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးအတွက် Liam လေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Liam လေးကတော့ ဘုရားတရားအရမ်းလုပ်တဲ့ အဘိုးအဘွားတွေနဲ့ အနေများပြီး သြကာသဆိုတဲ့ စကားလေးကိုတောင် မသင်ပဲပြောတတ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Liam လေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: May Thu’s fb
Bilie – Cele Connections

LEAVE A REPLY

Please enter your comment!
Please enter your name here