မန္တလေးမြို့မှာ ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝအမှတ်တရတွေကို ပြောပြလာတဲ့ နော်ဖောအယ်ထား

0
15

ရှမ်း၊ ကရင်၊ မြန်မာ ကပြားမလေးတစ်ယောက်ဖြစ်တဲ့ နော်ဖောအယ်ထားကတော့ မြင်သူရင်ကို အေးမြစေတဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ တောင်ကြီးမြို့မှာ ကြီးပြင်းလာခဲ့တဲ့ နော်ဖောအယ်ထားကတော့ အခုလက်ရှိ ရန်ကုန်မှာ အခြေချပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိပါတယ်။ ဒီကနေ့မှာတော့ နော်ဖောအယ်ထားက မန္တလေးမြို့မှာ ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဘဝအမှတ်တရတွေကို အခုလိုပဲ ပြောလာပါတယ်။

“ဘာရယ် မဟုတ် လေးနှစ်တာတက်ခဲ့တဲ့ MUFL လေးကိုလွမ်းလို့ ကျောင်းဟောင်းမှာလည်းပျော်သလို ကျောင်းသစ်ရောက်တော့လည်း မပျင်းရပါဘူး။

ဆိုးတူကောင်းဖက် သူငယ်ချင်းတွေကိုလည်းလွမ်းပေါင်းတာက ၁၂ ယောက် အတန်းလစ်ရင် နောက်ဆုံးသုံးတန်းက အတွဲလိုက်ပျောက်တာဆယ်ခါမှာ သုံးခါလောက်ဘဲဆိုးတော့ ဆရာ ဆရာမ တွေက မဆူသလောက် ချစ်ရှာတယ်။ ကျောင်းခေါ်ချိန်ပြည့်ပြီးကျော်နေရင်မနေတတ်လို့ ကျောင်းလစ်ပေးရတာလည်းအမော။

ရေတံခွန်တောင်က ကြက်ကြော်ကိုထမင်းချိုင့်ကိုယ်စီနဲ့သွားစားရတာလဲအမော အဲတုန်းကခုလိုမျိုး ဆိုင်လှလှလေးတွေတောင်မရှိသေးဘူးကျောင်းပြီးခါနီးကျ ကျောင်းလစ်တဲ့ စကေးတွေကတက်လာပြီ ပြင်ဦးလွင်ထိတက်ပြီး နေ့လည်စာတွေ တက်စားတဲ့အဆင့်ရှိရောက်လာပြီ”

“တစ်နှစ်တခါ ထမနှဲ ထိုးပြိုင်ခဲ့တဲ့အချိန်တွေ ဘောလုံးရာသီဆိုလည်း ကိုယ့်မေဂျာ ကို အကြီးအကျယ်တွေအားပေးပြီး ရန်ဖြစ်ခဲ့တာတွေ တကယ်ပြန်မရနိုင်တဲ့အမှတ်တရတွေ။ ကိုယ့်ရဲ့တက္ကသိုလ် လေးနှစ်လုံးက တကယ့် အကောင်းဆုံးပျော်စရာအကောင်းဆုံး အချိန်တွေဖြစ်ခဲ့တာ ဘာနဲ့မှလဲလို့မရပါဘူး။ စာမေးပွဲ နီးရင် အသည်းအသန်တွေ စာတွေလုပ်။ စာတမ်းပြုစုဖို့ အတွက် စစ်ကိုင်းက ဘက စာသင်ကျောင်းတွေသွားလေ့လာခဲ့တာတွေ လည်းအမှတ်တရဘဲ။ မန်းလေးမြို့ကြီးကိုချစ်တာ ပိတ်ရက်တွေဆိုတောင်ကြီးအိမ်တောင်မပြန်ချင်လောက်အောင်ဘဲ။

ခဏခဏ ရောက်တဲ့ ဦးပိန်တံတား အင်းဝ စစ်ကိုင်း မင်းကွန်း ဘယ်နှစ်ခါသွားသွားရိုးသွားတယ်ကိုမရှိဘဲ ပျော်တာ အရမ်း။ Farewell လုပ်တော့လည်း ငိုကြတာ ငိုကြတာပြန်မရနိုင်တော့ပေမယ့်အဲ့အချိန်လေးတွေသတိရလိုက်တာ” ဆိုပြီး ပြောလာပါတယ်။

နော်ဖောအယ်ထားကတော့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တြဲ့ အမှတ်တရတွေကို ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Naw Phaw Eh Htar’s fb
Bilie – Cele Connections

LEAVE A REPLY

Please enter your comment!
Please enter your name here