မိန်းကလေးတွေကြားရေပန်းစားနေတဲ့ TIK TOK သီချင်းလေးနဲ့ လူသွားလမ်းလည်ခေါင်မှာ ကားရပ်ပြီး ကပြခဲ့တဲ့ ကျော်ကျော်ရဲ့ ဗီဒီယို

0
6

နိုင်ငံကျော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ကတော့ ပျော်ပျော်နေတတ်ပြီး စိတ်လွတ်ကိုယ်လွတ်တစ်ယောက်တည်း လူပျိုကြီးပဲ ဖြစ်ပါတယ်။ ကျော်ကျော်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်အတိုင်း တစ်သွေမတိမ်း သရုပ်ဆောင်နိုင်ပေမယ့် သူ့ရဲ့ အပြင်က တကယ့်ပုံစံအစစ်ကတော့ ပျော်ပျော်နေတတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေကြားမှာ ကျော်ကျော်က ချစ်စရာကောင်းတဲ့ မင်းသားကြီးတစ်လက်အဖြစ် နာမည်ကျော်ကြားတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း ကျော်ကျော်က Stay Home ကာလ အိမ်မှာပျင်းနေကြတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ရယ်စရာ ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာပြန်ပါတယ်။ ကျော်ကျော်က မိန်းကလေးတွေကြားရေပန်းစားနေတဲ့ Tik Tok သီချင်းလေးနဲ့ လူသွားလမ်းလည်ခေါင်မှာ ကပြခဲ့ပြီး ပရိသတ်တွေ ရယ်မောနိုင်ဖို့အတွက် သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ကတော့ အနုပညာရှင်တစ်ယောက်ပီပီ စိတ်တွေ မွန်းကြပ်နေတဲ့ ပြည်သူတွေအတွက် ခဏတာ ဘဝအမောတွေ ပြေပျောက်သွားစေဖို့ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ’s fb
Bilie – Cele Connections

LEAVE A REPLY

Please enter your comment!
Please enter your name here