မေ့ဆေးအထူးကုဆရာဝန် ၁၀ ဦး နှင့် သူနာပြု ၂၀ ဦးကို ရန်ကုန်တိုင်း ဒေသကြီးတွင် COVID-19 ကုသစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ထပ်မံစေလွှတ်

0
7

မကွေးတိုင်းဒေသကြီးမှ မေ့ဆေးအထူးကုဆရာဝန် ၁၀ဦး နှင့် သူနာပြု ၂၀ ဦးကို ရန်ကုန်တိုင်း ဒေသကြီးတွင် COVID-19 ကုသစောင့်ရှောက်ရေးလုပ်ငန်းများ

ဆောင်ရွက်ရန်ထပ်မံစေလွှတ်

မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မေ့ဆေးအထူးကုဆရာဝန်( ဒုတိယနှစ် ဘွဲ့လွန်) ၁၀ဦး နှင့် အထက်တန်းသူနာပြု ၂၀ဦးကို

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကုသစောင့် ရှောက်မူလုပ်ငန်းများ ဆောင်ရွက်ရန် ယနေ့ နံနက်၉ နာရီ တွင်စတင်စေလွှတ်လိုက်ကြောင်း မကွေးတိုင်း

ဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှသိရသည်။

မကွေးတိုင်း ဒေသကြီးမှ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ သွားရောက်တာဝန် ထမ်းဆောင် သည့် ကျန်းမာရေးဝန်ထမ်း ဦးရေသည် စက်တင်ဘာလ ၂၆

ရက်အထိ အယောက် ၅၀ ကျော်ရှိပြီ ဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ပထအကြိမ် အဖြစ် စက်တင်ဘာ ၁၄ ရက်တွင် ၁၉ ဦး ၊ ဒုတိယအကြိမ်အဖြစ် စက်တင်

ဘာ ၂၂ ရက်တွင် ကျန်းမာရေးဦးစီးဌာန အရာရှိ ဆရာဝန် ၄ ဦး စေလွှတ်ထားရာမှ စက်တင်ဘာ ၂၆ ရက်တွင် တတိယအကြိမ်အဖြစ် ကျန်းမာရေးဝန်ထမ်း ၃၀

ဦးကိုထပ်မံ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here