မြန်မာပြည်ရဲ့ အသက်အငယ်ဆုံး ကိုဗစ်-19 လူနာ၊ အသက် (၈) ရက်ပဲ ရှိသေးတဲ့ မွေးကင်းစကလေးငယ်

0
15

ဒီနေ့ မနက်ပိုး‌တွေ့လူနာစာရင်းထဲမှာ အသက် (၈) ရက်ပဲ ရှိသေးတဲ့ ပဲခူးတိုင်းက မွေးကင်းစကလေးငယ် တစ်‌ယောက်ပါဝင်လာတယ်လို့ ပဲခူးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၂၃)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်းက ကိုဗစ်လူနာ (၁၁)ယောက်တွေ့ရှိခဲ့ပြီး အဲဒီထဲမှာကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိခဲ့တဲ့ အသက် (၈) ရက်အရွယ် မွေးကင်းစကလေးတစ်‌ယောက်ပါ ကူးစက်ခံခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့ ပဲခူးတိုင်းမှာတွေ့ခဲ့တဲ့ ကိုဗစ်လူနာတွေထဲမှာ ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင် ငါးဈေးက ပြန်လာသူ (၃)ယောက်နဲ့ ဗဟန်းကပြန်လာသူ(၁)ယောက်တို့မှာလည်း ကိုဗစ်ပိုးတွေ့ခဲ့ပြီး ကျန်တဲ့ ပိုးတွေ့လူနာတွေကတော့ ကိုဗစ်လူနာနဲ့ ထိတွေ့ဆက်စပ်မှုရှိတဲ့သူတွေဖြစ်ပါတယ်။

အခုကိုဗစ်ပိုးတွေ့လူနာတွေဟာ အသွားအလာကန့်သတ်ထားတဲ့သူတွေဖြစ်ပြီး ပဲခူးကလိဆေးရုံကြီးကို ပို့ဆောင်ကုသပေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့ မနက်ပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၆၉၅၉)‌ယောက်ရှိပြီး ပြန်ကောင်းမွန်သူ(၁၉၅၁)ယောက်နဲ့ သေဆုံးသူ(၁၁၆)ယောက်ရှိနေပါတယ်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here