မြောက်ဥက္ကလာဆေးရုံနဲ့ အလုံမြို့နယ်မှာ ဖွင့်လှစ်တော့မယ့် FEVER CLINIC အတွက် PPE ဝတ်စုံ၊ MASK နဲ့ လက်သန့်ဆေးရည်များ လှူဒါန်းကုသိုလ်ယူခဲ့တဲ့ တိုင်ရွန်

0
6

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသားချော တိုင်ရွန်ကတော့ တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားရုံသာမက ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နှလုံးသားကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

တိုင်ရွန်ကတော့ အလုပ်အပေါ်လည်း အာရုံစူးစိုက်မှုရှိတာကြောင့် တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေများစွာကို ပိုင်ဆိုင်လာခဲ့တာ ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့ ဖြစ်ပါတယ်။ တိုင်ရွန်ကလည်း သူ့ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် အနုပညာရှင်ကောင်းတစ်ယောက်အဖြစ် အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။

ရုပ်ချောသလို အလှူအတန်းမှာလည်း လက်မနှေးတဲ့ တိုင်ရွန်က ဒီကနေ့ စက်တင်ဘာလ (၂၅) ရက်နေ့မှာလည်း သူ့ရဲ့ သူငယ်ချင်းအလှူမှာ ပါဝင်အားဖြည့် လှူဒါန်းပေးခဲ့ပါတယ်။ တိုင်ရွန်က မြောက်ဥက္ကလာဆေးရုံနဲ့ အလုံမြို့နယ်မှာ ဖွင့်လှစ်တော့မယ့် Fever Clinic အတွက် PPE ဝတ်စုံ၊ Mask နဲ့ လက်သန့်ဆေးရည်များကို တဆင့်လှူဒါန်းပေးပြီး ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

တိုင်ရွန်ကတော့ လက်ရှိမှာ အလုပ်တွေကိုလည်း လုပ်ကိုင်ရင်း ပရဟိတအလုပ်တွေကိုလည်း တွဲဖက်ပြီး လုပ်ကိုင်နေလျက်ရှိပါတယ်။ ပရိသတ်ကြီးလည်း တိုင်ရွန်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Ye Hein & Tyron Bejay’s fb
Bilie – Cele Connections

LEAVE A REPLY

Please enter your comment!
Please enter your name here