ရန်ကုန်ဆေးရုံကြီးတွင် လူနာကကိုဗစ်ထိန်းချုပ်ကုသရေးဆောင် မှန်တံခါးကို ရိုက်ခွဲမှုဖြစ်ပွား

0
157

ရန်ကုန်ဆေးရုံကြီး Covid-19 ထိန်းချုပ်ကုသရေးဆောင်၏ Slide Door မှန်တံခါးကို လူနာတစ်ဦးက ရိုက်ခွဲ မှုဖြစ်ပွားခဲ့ ကြောင်း ယင်းဆေးရုံကြီးတွင် တာဝန်

ထမ်းဆောင်နေသူ ဆရာဝန်တစ်ဦးမှ ပြည်မြန်မာကို ပြောသည်။

က်တင်ဘာလ၂၄ရက်နံနက်ပိုင်းတွင် အဆိုပါလူနာက အောက်ဆီ ဂျင်အိုးဖြင့် မှန်တံခါးကိုရိုက်ခွဲခဲ့သောကြောင့် ဆေးရုံလုံခြုံ ရေးဝန်ထမ်းများအနေဖြင့် တားဆီးခဲ့

ရပြီး မှန်အချို့ကွဲသွားခဲ့သည့်အတွက် ပလတ်စတစ်ဖြင့် ယာယီ ကာယံထားရကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်သွားတာက မှန်ပါတယ်။ သူ့ဟာသူ အဆင်မပြေလို့ ဖြစ်သွားတာပါ။အခုတော့ အဆင်ပြေ သွားပါပြီ”ဟု ယင်းဆေးရုံကြီး၏ တာဝန်ကျဆရာတစ်ဦးက

ဆိုသည်။

ယင်းသည် မဂ်လာတောင်ညွှန့်မြို့နယ် ဖ.ဆ.ပ.လ ရပ်ကွက်၌ နေထိုင်သူဖြစ်ပြီးစက်တင်ဘာလ ၂၂ရက်က နေမကောင်းသည့်အတွက် ရန်ကုန်ဆေးရုံကြီး ဖျားနာ

ကုသ ဆောင်တွင် ဆေးကုသမှုခံယူနေခြင်းဖြစ်ကြောင်း သိရသည်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here