ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်သူများအား ညောင်ဦးမြို့နယ်အတွင်းသို့ ဝင်ရောက်ခွင့်မပြုတော့

0
7

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းသို့ ရန်ကုန်တိုင် းဒေသကြီးမှလာရောက်သူများအား ယနေ့မှစတင်ကာ ဝင်ရောက်ခွင့်မပြုတော့ကြောင်း ညောင်ဦး

မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီက သိရသည်။

ရန်ကုန်တိုင်းဒေသကြီးမှလာရောက်သူများအား နေအိမ်များတွင် လက်ခံခြင်းမပြုရန်နှင့် နေထိုင်ရန်လက်ခံ ထားကြောင်း စိစစ်တွေ့ရှိပါက လက်ခံသူနှင့် နေထိုင်သူများ

ကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ဝင်ရောက်ခွင့်မပြုသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နှစ်ပတ်အတွင်းထုတ် ပေး ထားသော ကိုဗစ်-၁၉ ကင်းစင်ကြောင်း ထောက်ခံချက်

လက်မှတ် ပြသနိုင်သူများနှင့် ညောင်ဦးမြို့ နယ် အားဖြတ်သန်းသွားလာသော ကုန်တင်ယာဉ်ကြီးများ၊ကျန်းမာရေးကိစ္စနှင့် အရေးပေါ် ကိစ္စအရသွားလာ သူများကိုမူ

ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရသည်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here