ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် Lockdown ချထားခံထားရသော အိမ်ထောင်စုများအား ရိက္ခာဝေမျှမှုပြုလုပ်

0
53

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေ့ခဲ့သည့်အတွက် Lockdown ချထားခံထားရသော အိမ်ထောင်စု(၁)စုစီတိုင်းအတွက်

ငွေကျပ်(၁)သောင်းခွဲတန်ဖိုးရှိ ရိက္ခာများ ထောက်ပံ့ပေး နေကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးကပြည်မြန်မာ

ကို ပြောသည်။

“ဒါဟာ နိုင်ငံတော် အစိုးရရဲ့ထောက်ပံ့မယ့် အစီအစဉ်နဲ့ မဆိုင်ပါဘူးခင်ဗျ။ကျွန်တော်တို့ မြို့နယ်မှာ ရှိတဲ့ ကိုဗစ် ကော်မတီက ရထားတဲ့ ရန်ပုံငွေနဲ့ ကော်မတီဝင်

တွေ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ယင်းက ပြောသည်။

Lockdown ချထားသည့် နေရာ ၅၀ ခန့် ရှိအိမ်ထောင်စု ၂၀၆ စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲ

ြခောက်(၁၀)ထုပ်၊ဆား(၅၀)သားပါသည့် ပါကင်ထုတ် ၂၀၆ ထုတ်ကို စက်တင်ဘာလ ၂၃ ရက်နှင့်၂၄ ရက်က လွှတ်တော်ကိုယ်စားလှယ်များ၊ကိုဗစ်ကော်မတီဝင်

မွားနှင့ြ ဌာနဆိုငရြာ ဝနထြမြးမွားက ပေးေ၀ ခဲ့ကှခှငြး ဖှဈကှောငြး သိရသညြ။

“ကျွန်တော်တို့ သင်္ကန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီကိုလာရောက်လှူဒါန်းထားတဲ့ အလှူရှင်တွေရဲ့ ငွေကြေးတွေ ရှိပါတယ်။အဲဒီငွေထဲက ကော်မတီရဲ့ ဆုံးဖြတ်ချက်

နဲ့ဆောင်ရွက်တာပါ။ ထပ်ပြီးတော့ ရရှိတဲ့ ရန်ပုံငွေအပေါ်မှာမူတည်ပြီးတော့ စီစဉ်မှာပါ။အခုဆိုရင် ဆန်ဆိတ်တွေလှူမယ်လို့ ပြောထားသူ တွေလည်း ရှိနေပါတယ်။

ရောက်တော့မရောက်သေးပါဘူး။ဒါကြောင့် ဘယ်နေ့ဘယ်ရက်မှာ ထပ်ပြီးတော့ဝေမျှ မယ်ဆိုတာ ပြောလို့ မရသေးပါဘူး။ဒါပေမယ့် စီစဉ်မှာပါ” ဟု ဦးမောင်မောင်ဦး

ကပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ယခုအခါ ပိုးတွေ့လူနာပေါင်း ၄၅၀ ဦးခန့် ရှိနေပြီး ဆေးရုံကဆင်းခွင့်ရသူ ဦးရေ ၂၆၀ ကျော် ၊ သေဆုံးသူ ၆ ဦး ရှိကြောင်းလည်း သိရ

သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here