ရန်ကုန်မြို့မှ ထားဝယ်မြို့ပြန်လာသည့် အသက်60 ဝန်းကျင်အရွယ် မောင်နှမနှစ်ဦးတွင် Covid-19ရောဂါတွေ့ရှိပြီး ထိတွေ့မှုရှိခဲ့သူများကို စုံစမ်းရှာဖွေနေ

0
9

ရန်ကုန်မြို့မှ ထားဝယ်မြို့ပြန်လာသည့် အသက်60 ဝန်းကျင်အရွယ် မောင်နှမနှစ်ဦးတွင် Covid-19ရောဂါတွေ့ရှိပြီး ထိတွေ့မှုရှိခဲ့သူများကို စုံစမ်းရှာဖွေနေ

ထားဝယ္ဇူလိုင္25

တနသာၤရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ရန်ကုန်မြို့မှ ပြန်လာသည့် အသက် 60ဝန်းကျင်ရွယ် မောင်နှမ နှစ်ဦး၌ Covid-19 ပိုးကူးစက်ခံရကြောင်း အဖြေ

ထွက်ပေါ်ခဲ့ပြီး ထိတွေ့မှုရှိခဲ့သူများကို စုံစမ်းရှာဖွေနေကြောင်းသိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ 25ရက် နံနက် 8နာရီထုတ်ပြန်ချက်အရ တနသာၤရီတိုင်းဒေသကြီးမှ အတည်ပြုလူနာနှစ်ဦးပါဝင်ခဲ့ပြီး

အသက်57နှစ်ရွယ် အမျိုးသမီးနှင့် အသက် 64နှစ်ရွယ် အမျိုးသားတို့ဖြစ်ကြောင်း ၎င်းတို့နှစ်ဦးမှာ မောင်နှမတော်စပ်ပြီး ရန်ကုန်မြို့မှ စက်တင်ဘာလ 12ရက်နေ့တွင်

ဝင်းရတနာ ခရီးသည်တင်ယာဉ်ဖြင့် ထားဝယ်မြို့သို့ ရောက်ရှိလာကြောင်းသိရသည်။

ထိုနောက် ထားဝယ်မြို့၊အိမ်ရှေ့ပြင်ရပ်ကွက် အဝေးပြေးကားကွင်းမှ သုံးဘီးဌားရမ်းကာ ကြက်စားပြင်ရပ်ကွက်ရှိ Quarantine စခန်းသို့ သွားရောက်ခဲ့ကြောင်း၊ရန်

ကုန်မြို့မှ ၎င်းတို့လိုက်ပါလာသော ခရီးသည်ယာဉ်ပေါ်တွင် ခရီးသည် 12ဦး လိုက်ပါလာခြင်းဖြစ်ပြီး ယင်းအနက် ဝဲကျွန်းရပ်ကွက်တွင် Quarantine ဝင်ရောက်နေ

သူ 4ဦး ၊ထားဝယ်တပ်နယ်မှ တစ်ဦးနှင့် လက်ရှိ positive တွေ့ရှိသူ နှစ်ဦးကိုသာ ရှာဖွေတွေ့ရှိထားကာ ကျန်ရှိသည့် ခရီးသည်5ဦးနှင့် သုံးဘီးယာဉ်မောင်းတို့ကို

စုံစမ်းရှာဖွေ နေရဆဲဖြစ်ကြောင်း သိရှိရသည်။

“သူတို့က Quarantine စခန်းထဲမှာ ထည့်ထားတာ ။သူတို့နဲ့ ကားတစ်စီးတဲ အတူတူ လာတဲ့လူတွေ အားလုံးကတော့ အချို့လည်း စစ်ပြီးသားပေါ့။Negative

ထွက်ပြီးသားတွေ ။သူတို့ကားပေါ်မှာ မြိတ်နဲ့ ကော့သောင်းဘက်က နှစ်ယောက်လားမသိဘူး ပါတယ်ဆိုတော့ အဲဒီနှစ်ယောက်ကို လည်းလိုက်ခိုင်းထားတယ်။အဲဒီ

နှစ်ယောက်ကိုလဲ စစ်မှာပေါ့။အဲဒီနှစ်ယောက်လဲ Quarantine စခန်းထဲမှာရှိမှာပဲ။ သေချာအောင် ကျွန်တော်တို့ ပြန်ပြီးထပ်စစ်မှာပေါ့။Contact ဘယ်လောက်ရှိ

တယ်ဆိုတာ ကျွန်တော်လဲ အတိကျပြောလို့မရဘူးဗျ၊သူတို့နဲ့ နီးနီးကပ်ကပ် ကားပေါ် တူတူစီးလာတဲ့ကုန်လုံးကို၊ဒါပေမဲ့အများစု Negativeထွက်ပြီးသားပါ ။ကားတစ်

စီးတည်း ဆိုပေမဲ့ သူတို့နဲ့ ထိုင်ခုံနီးတဲ့လူတော့ အန္တရာယ်ရှိနိင်တာပေါ့နော်၊ထိုင်ခုံဝေးတဲ့သူကတော့ မကူးနိင်ဘူးလေ၊ သုံးဘီးကတော့ သူတို့မှတ်မိရင်တော့ သိနိင်

တာပေါ့ဗျ ။သူတို့ ဘယ်သုံးဘီးသမားမှန်း မသိရင်တော့ ကျွန်တော်တို့ ဘယ်လိုပြောရမလဲ ၊သူတို့သုံးဘီး နံပါတ်တို့ဘာတို့ မှတ်ထားရင်တော့ တစ်မျိုးပေါ့”ဟု

တနသာၤရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဌာနမှ ဦးစီးမှူးဖြစ်သူ ဒေါက်တာ ထွန်းမင်းက ပြောကြားသည်။

လက်ရှိအနေအထားအရ ရောဂါပိုးတွေ့ရှိခဲ့သူနှစ်ဦးကို ဇမ္ဗူသီရိအဖွဲ့မှ သီးသန့်လူနာတင်ယာဉ်ဖြင့် Quarantine စခန်းမှ သွားရောက်ခေါ်ယူ၍ ထားဝယ်ပြည်သူ့ဆေး

ရုံကြီးသို့ တင်ပို့ထားပြီး လက်ရှိ ၎င်းတို့မောင်နှမ နှစ်ဦးမှာ ကျန်းမာရေးကောင်းမွန်နေသော်လည်း အသက်အရွယ် ကြီးသူများဖြစ်၍ သတိထားကာ ပိုမိုဂရုစိုက်ရမည်

ဖြစ်ကြောင်း ကိုဗစ်ရောဂါပိုးမှာ လူငယ်ပိုင်းများ၌ ကူးစက်ခံရပါက အခြားရောဂါခံမရှိလျှင် ပြန်လည်ကောင်းမွန်နိင်သော်လည်း ၊အခြားရောဂါခံရှိသူ အသက်အရွယ်

ကြီးရင့်သူများ၌ ကူးစက်ခံရပါက သေဆုံးမှုနှုန်းမြင့်၍ သတိပြုရန်လိုအပ်ကြောင်း ဒေါက်တာထွန်းမင်းက ပြောကြားသည်။

တနသာၤရီတိုင်းဒေသကြီးအတွင်း၌ လက်ရှိအချိန်ထိ Covid-19 ကူးစက်ခံရခြင်းရှိမရှိ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့မှုမှာ မတ်လ23ရက်နေ့မှ စက်တင်ဘာလ 24

ရက်နေ့အထိ နမူနာအရေတွက် စုစုပေါင်း 13000ခန့်ရှိပြီဖြစ်ပြီး ယင်းအနက် Positive တွေ့ရှိသူ 20ဦးရှိကာ သေဆုံးသူ မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် Positive တွေ့ရှိသူများအနက် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ 4ဦး ၊မြိတ်ခရိုင် ပြည်သူ့ဆေးရုံကြီး၌ 10ဦး စုစုပေါင်း 14ဦးကို သီးသန့် လူနာဆောင်၌

ထားရှိ၍ ကုသမှုပေးနေပြီး ကျန်ရှိသူများမှာ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here