ရိုးမဆောင်အတွက် လိုအပ်သမျှကို မေးမြန်းပြီး ထပ်မံလှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေ

0
45

မြန်မာနိုင်ငံရဲ့ လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကတော့ လိုအပ်နေတဲ့နေရာတိုင်းကို ကူညီဖို့အသင့်ရှိနေတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်သလို လတ်တလောကိုဗစ်ကာလ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေမှာလည်း ကျန်းမာရေးဆိုင်ရာအထောက်အကူပစ္စည်းများအပြင် Quarantine Center အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်း လှူဒါန်းပေးလာခဲ့တာ စဖြစ်ကတည်းကနေ ယနေ့အချိန်ထိလို့ ဆိုရမှာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းကလည်း လိုအပ်ချက်တွေရှိနေသေးတဲ့ ရိုးမဆောင်အတွက် အဝတ်ခြောက်စက်(၉) လုံး၊ Volunteer များအတွက် တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ အစားအသောက်တွေသွားရောက်လှူဒါန်းပေးခဲ့တဲ့အပြင်

လိုအပ်နေသေးတဲ့အရာတွေကိုလည်း မေးမြန်းခဲ့ပြီး ဒီတစ်ခေါက်မှာတော့ ရေပူရေအေးစက်အလုံး(၂၀) ၊ အဝတ်လျှော်စက်ခုံ(၃၀) ၊ မီးပူ(၄) လုံး၊ Extension Board (၄၀)၊ မီးပူ Stand (၄) ခုတို့ကို ထပ်မံလှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ချစ်သုဝေကတော့ ဒီအလှူလေးနဲ့ပတ်သက်ပြီး ” မနေ့က လိုအပ်သမျှမေးပြီး ဒီနေ့နေ့လည်အမှီ ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်… အလှူရှင်များအားလုံး စိတ်နှလုံးချမ်းမြေ့ပါစေ” ဆိုပြီး မျှဝေဖော်ပြခဲ့ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပဲ့ကိုင်ရှင် မေမေထရီဇာကတော့ တကယ်ကို အသေးစိတ်လေးတွေကအစ မကျန်အောင် စဉ်းစားပြီး လှူပေးတတ်သူမို့ အလှူရှင်တွေအတွက်တော့ တကယ်ကို စိတ်ချမ်းသာစရာပါပဲ ပရိသတ်ကြီးရေ..

Source – Chit Thu Wai
Rainbow- Cele Gabar

LEAVE A REPLY

Please enter your comment!
Please enter your name here