သိပ်ကိုတန်ဖိုးရှိတဲ့ ဆုံးမစာပေလေးပါ ဖတ်ကြည့် ကျော်မသွားပါနဲ့ ( ရှက်ဖို့ကောင်းပါသည်)

0
10

သိပ်ကိုတန်ဖိုးရှိတဲ့ ဆုံးမစာပေလေးပါ ဖတ်ကြည့် ကျော်မသွားပါနဲ့ 👍

(ရှက်ဖို့ကောင်းပါသည်)

တခါက ဓါးမကူး ဆရာတော်ဘုရားကြီးသည်ကျောင်းပေါ်၌ ဘုရားဝတ်တက်နေသည်။ ဘုရားဝတ်တက်လို့ ခဏအကြာ ကျောင်းအောက်မှ ခွေးနှစ်ကောင်က ဆူညံ့

စွာ တစ်ကောင်နှင့်တစ်ကောင် ကိုက်ကြသည်။ အစာ လုကြသည်။ဘုရားအာရုံပြုသည်။ မရ။ ကြိုးစား အာရုံပြုသည်။ မရ။ ခွေးနှစ်ကောင် ကိုက်ဖြတ်အော်ဟစ်သံ

များဆီသို့သာ စိတ်က ရောက်ရောက်သွားသည်။

မနေနိုင်သည့်အဆုံး တောင်ဝှေးကိုင်ကာ ကျောင်းအောက်သို့ ဆင်း၍ ခွေးများကို မောင်းသည်။ ခွေးများက မောင်း၍မရ။ ကိုက်မြဲကိုက်သည်။

ဒါနဲ့ဒေါသထွက်ကာ တောင်ဝှေးနှင့် ခွေးများသို့ရိုက်မယ်ပြင်ပြီးမှ သတိဝင်လာကာ နုတ်မှ စကားဆိုသည်။

!!ငါနှယ်”

တောင်ဝှေးနှင့် ဝင်ရိုက်လိုက်လို့ငါနဲ့ဆို သုံးကောင်ဖြစ်တော့မယ်တဲ့!!ဆရာတော်ကြီး တွေးပုံလေးကို ကြိုက်သည်။ ငယ်ငယ်ထဲက အသည်းစွဲနေမိသည်။

ဟုတ်ပါသည်။ အသိဉာဏ် မရှိ၍ ကိုက်သောခွေးများကို မိမိက အသိဉာဏ်မဲ့စွာ ဒေါသနှင့် ဝင်ရိုက်လိုက်လျှင် မိမိလည်း ခွေးနှင့် ဘာထူးတော့မည်လဲ။

သူတို့ အသိဉာဏ်မရှိလို့ ကိုက်တာကို မိမိက အသိဉာဏ်မဲ့စွာ မပြုမှုသင့်။ ဆရာတော်ကြီးက ပညာဉာဏ်ကြီးကြီးနှင့် ရေနဲ့ ပက်လိုက်ရာ ခွေးများထွက်ပြေးသွား

သည်။

ယခုလည်း facebook မှာ ဆဲခြင်း အလင်္ကာတန်ဆာဆင်ထားသော video များကို တွေ့တွေ့နေရသည်။

သူဟာသူ ကျောင်းအောက်က ခွေးနှစ်ကောင်ကိုက်သလို ဆဲနေတာကို မိမိက ဝင်ဆဲလျှင် မိမိလည်း ခွေးဖြစ်ပေလိမ့်မယ်။

မဆဲပါနဲ့ ခွေးကိုက်ရင် ခွေးကိုနိုင်တဲ့ရေနဲ့ပက်ရသလို သူတို့ဆဲရေးခြင်းကို မိမိတို့က ပညာဉာဏ်ရှိရှိ တုန့်ပြန်လိုက်ပါ။

ဗုဒ္ဓဘာသာတွေမှာ ဒါမျိုးမရှိဘူးဆိုတာ သက်သေပြလိုက်ပါ။

ဆရာကြီးဦးအောင်သင်း စကားလေး သတိရမိသည်။ ပညာတတ်ရင် ဆဲစရာမလိုဘူး စကားလုံးနဲ့သေအောင်သတ်လို့ ရတယ်တဲ့။

ဆဲနေမဲ့အစား တိတိကျကျ ခိုင်ခိုင်မာမာနဲ့ သမိုင်းအထောက်အထားမှန်စွာ ပညာရှိရှိတုန့်ပြန်သင့်သည်။တစ်ဆက်ထဲ ဘုရားရှင်ရဲ့ ဆဲလာသူကို

တုန့်ပြန်နည်းလေး သတိရမိပြန်သည်။တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ကို အမျိုးမျိုးဆဲရေးတိုင်းထွာပါသည်။

ဘုရားရှင်ကတော့ ဆိတ်ဆိတ်ငြိမ်သက်နေပါသည်။ ပုဏ္ဏားလည်း ဆဲတာအချိန်ကြာလာတော့ မောလာ၍ ဘုရားရှင်ကလည်း

သူဆဲသည်ကို မခံမရပ်နိုင်ဖြစ်တာ မတွေ့ရတော့ ဆဲရတာ ဖီးလ်မလာဘူးထင်ပါရဲ့။အဆဲရပ်ပြီး ဘုရားရှင်ကို မေးပါတယ်။

!!ရဟန်းဂေါတမ သင့်ကို ငါဆဲနေပါလျက် ဘာလို့ ငြိမ်နေတာလဲတဲ့!!ဘုရားရှင်က ထိုအခါမှ!!ပုဏ္ဏား ငါမေးပါရစေဦး။

သင်ဟာ သင့်မိတ်ဆွေတွေအတွက် လက်ဆောင်မုန့်တွေ ပြုလုပ်ပေးပို့တဲ့အခါ သင့်မိတ်ဆွေတွေက အဲဒီလက်ဆောင်ကို မယူရင်

ဘယ်သူရမလဲလို့ မေးလိုက်ပါတယ်။!!ပုဏ္ဏားကလည်း သူတို့မယူမှတော့ ငါပေးတာ ငါပြန်ယူလာရတာပေါ့လို့ ဖြေပါတယ်။

ထိုအခါ ဘုရားရှင်က အေး အဲဒီအတိုင်းပဲ သင်ပုဏ္ဏားရဲ့ဆဲရေးခြင်းတွေကို ငါမယူဘူး။ သင့်ရဲ့ဆဲရေးခြင်းတွေဟာ သင့်ထံသို့ အကုသိုလ်အဖြစ်နဲ့သာ ပြန်သွားလိမ့်မယ်

တဲ့!!စဉ်းစားကြည့်ပါ။ ဘုရားရှင်ရဲ့တပည့်သားမြေးတွေဖြစ်ပြီး ဘုရားရှင်ရဲ့နည်းကို ဘာလို့ မကျင့်သုံးကြတာလဲ။ သည်းခံလိုက်ပါ။ ဆဲတာဟာ အသားပဲ့မပါသွားပါဘူး။

ဗုဒ္ဓဘာသာတွေက သူ့ဆဲရေးခြင်းကို မယူတဲ့အခါ သူ့ဟာသူ သူဆဲရေးခြင်းတွေကို ပြန်ယူ သွားပါလိမ့်မယ်။ခုတော့ ဘုရှားရှင်ရဲ့ အဆဲတုန့်ပြန်နည်းကို

မကျင့်သုံးပဲ video တင်ကာ ဆဲရေးနေတာတွေကြည့်၍ ဗုဒ္ဓဘာသာတွေ ကောင်းတော့ ကောင်းပါသည်။ ဘာကောင်းသလဲဆိုလျှင်

ရှက်ဖို့ကောင်းပါသည် ဟူ၍ သာ – – – ။

ဇိနပုတ္တ(ဂန္ထဝင်)မှကူးယူဖော်ပြသည်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here