အမေရိကားကိုသွားတုန်း ရတဲ့အချိန်လေးမှာ မိသားစုနဲ့ အပန်းဖြေခရီးထွက်ခဲ့တဲ့ အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာတဲ့ နိုင်းနိုင်း

0
6

မင်းသားချော နိုင်းနိုင်းကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ သရုပ်ဆောင်ခဲ့ပြီး တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်ဖြစ်ခဲ့သူပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းက အိမ်ထောင်ကျပြီးသွားချိန်မှာ သားတစ်ယောက်၊ သမီးသုံးယောက် ပိုင်ဆိုင်ခဲ့ပြီး နိုင်းနိုင်းရဲ့ ဇနီးနဲ့ ကလေးတွေကတော့ အမေရိကားမှာနေထိုင်နေကြတာပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကလည်း သူအလုပ်အားတဲ့အချိန်တွေမှာ မိသားစုဆီ သွားလည်လေ့ရှိပြီး သားသမီးတွေကို အချိန်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။

နိုင်နိုင်းက ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း သူ့ရဲ့ မိသားစုလေးကို တွေ့ဖို့ အမေရိကန်နိုင်ငံကို သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်ကို ပြန်ရောက်နေပြီဖြစ်တဲ့ နိုင်းနိုင်းက ဒီကနေ့မှာတော့ သူ့ရဲ့ မိသားစုတွေနဲ့ အပျော်ခရီးထွက်ခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေရင်း “ရတဲ့အချိန်လေးကို မိသားစု ခရီးထွက်….ချစ်သောသူများလည်း အခုအချိန်မှာ ကိုယ်နှင့်ကိုယ့်မိသားစုကို ဂရုစိုက်ကြပါ…….” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ မျှဝေပေးလာပါတယ်။

နိုင်းနိုင်းကတော့ သူ့ရဲ့ မိသားစုတွေနဲ့ ခဏလေးတွေ့ရတဲ့အချိန်အတွင်းမှာ ပျော်စရာအမှတ်တရတွေအများကြီးကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်းနိုင်းတို့ မိသားစုလေးရဲ့ ခရီးသွားအမှတ်တရလေးကိုကြည့်ပြီး ကြည်နူးနေမိမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here