အံ့သြစရာ ကောင်း တဲ့ ရန်ကုန် အင်းစိန် ရွာမဘုန်းကြီးကျောင်း ရဲ့ လက်ရှိ ကိုဗစ် ကူးစက်မှု ဖြစ်စဉ် အခြေအနေ

0
7

ရွာမ ကို ဖုန်းဆက် ကြည့်ပြီးပြီ။ ဟုတ်တယ်တဲ့။ ကျန်တဲ့စာသင်တိုက်တွေ သတိထားစရာပေါ့။

(က) ရွာမ ဟာ ရဟန်းသာမဏေ (၅၀၀) ကျော် ရှိတယ်။ ဆွမ်းစားကျောင်းမှာ အတူဘုန်းပေးကြရတယ်။

(ခ) အပြင် လူ အဝင်အထွက်ကို လုံးဝ တင်းကြပ်ထားတယ်။ ဒကာ ဒကာမက ဆွမ်းကပ်ချင်တယ် ဆိုရင် ဘဏ်စနစ်နဲ့ပဲ အလှူခံတယ်။ ကျောင်းတွင်း လူတွေကပဲ ချက်ပြုတ်ပြီး လှူဒါန်းပေးတယ်။ဈေးဝယ်လူတွေ နဲ့ အထိအတွေ့မရှိဘူး။ ဈေးဝယ်သူက ကျောင်းရှေ့မှာ ချခဲ့တယ်။ ကျောင်းတွင်းကလူက ဈေးဝယ်ပစ္စည်းတွေကို ကျောင်းရှေ့မှာ ထွက်ယူတယ်။ နှစ်ဦးသား မျက်နှာချင်း ဆိုင်စရာ မလိုအောင် စီမံထားတယ်။ တိုက်ပေါက်ကို နာယကတွေကိုယ်တိုင် ကြီးကြပ်စောင့်ရှောက်တယ်။

(ဂ) ၂၁-ရက် နေ့က ကိုရင်နှစ်ပါး အနံ့ပျောက် တယ်။ (၂၂) ရက်နေ့မှာ ဆွမ်းစားကျောင်း အတူဘုန်းပေးစနစ်ကို ဖျက်လိုက်တယ်။ ကိုယ့်ကျောင် းမှာ ကိုယ် ဘုန်းပေးဖို့ စီမံလိုက်တယ်။ ကိုရင်နှစ်ပါးအပါအဝင် ထိတွေ့ ကိုရင် (၁၃) ပါးကို အာခေါင်တို့ဖတ်စ ယူပြီး စစ်ဆေးတယ်။ (၁၂) ပါး ပိုးတွေ့တယ်။ ဒီကိုရင် (၁၂) ပါးနဲ့ ထိတွေ့တဲ့ အခြား ဦးဇင်း, ကိုရင် (၁၂၂) ပါးကို ထပ်ပြီး ပိုးစစ်တယ်။ (၆၃)ပါး ထပ်ပြီး ပိုးတွေ့ တယ် ။စာချ ဆရာတော် (၂)ပါးပါ ပိုးထိသွားတယ်။

အခု ကျောင်းနေ သံဃာနဲ့ ကပ္ပိယအားလုံးကို အာခေါင်တို့ဖတ်စ နမူနာ ယူထားတယ်။ အဖြေတွေကို မသိရသေး။

(ဃ) ပိုး လာ တဲ့ လမ်းကြောင်း ကို ဘယ်လိုမှ မစဉ်းစားတတ်ကြဘူးလို့ ဆိုတယ်။ လူတွေနဲ့ ထိတွေ့ဖွယ် မလိုအောင် ပစ္စည်းတင်စရာ ခုံတန်းလျား ထားပြီး “ပစ္စည်းထား လူပြန်” “ပစ္စည်းကျန် လူယူ” စနစ် ကျင့်သုံးထားတဲ့ ကြားထဲက ပိုးထိသွားတဲ့အတွက် နားမလည်နိုင်အောင် ဖြစ် နေကြတုန်းပဲလို့ ဆိုတယ်။

(င) သေချာတာ ကတော့ ပိုးပျံ့နှုန်း က သိပ်မြန်နေတယ်။ ကျန်တဲ့စာသင်တိုက်တွေအနေနဲ့ ပိုပြီး တင်းကြပ်တဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ပါလိမ့်မယ်။ပြီး တော့ အနံ့မရဘူး-ဆိုခဲ့သော် အုပ်ထိန်းသူတွေကို ချက်ချင်းအကြောင်းကြားဖို့ လိုအပ်ပါလိမ့်မယ်။ အနံ့မရတဲ့ ဦးဇင်း, ကိုရင်ကို သီးခြားခွဲ ထားဖို့ နေရာ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ပေါ့ဆနေသေးတဲ့ ကျောင်းတွေကလည်း တို့နဲ့ နီးပြီလို့ တွေးကြဖို့ လိုအပ်ပါတယ်။ ပိုးဟာ တွက် ထားတာထက် ပိုပြီး မြန်နေတယ်။်

ဆရာတော် ဦးဝိမလ

LEAVE A REPLY

Please enter your comment!
Please enter your name here