ဧရာဝတီစင်တာတွင် လူနာ (၇၇၀) တပြိုင်နက်ထဲ တက်နိုင်အောင် တိုးချဲ့သွားမည်ဟု ဦးဇော်ဇော် ပြော

0
14

ဧရာဝတီစင်တာကို လူနာ ၇၇၀ ဆံ့သည့် ကုသရေးစင်တာအဖြစ် တိုးချဲ့ ဆောက်လုပ်သွားရန် ကြိုးပမ်းနေကြောင်း ဦးဇော်ဇော်က ၎င်း၏ လူမှကွန်ယက်စာမျက် နှာမှ စက်တင်ဘာ ၂၂ ည ၇ နာရီဝန်းကျင် အချိန်ခန့်တွင် အသိပေးရေးသားခဲ့ပါတယ်။

Covid-19 ရောဂါပိုးတွေ့ရှိသည့် လူနာအရေအတွက် များပြားလာခြင်းနှင့်အတူ ဧရာဝတီစင်တာတွင် ပိုမိုလက်ခံ ကုသပေးနိုင်ရေးအတွက် လူနာ ၇၇၀ အထိ ကုသပေးနိုင်မည့်စင်တာအဖြစ် တိုးချဲ့ ဆောက်လုပ်ရန် ဦးဇော်ဇော်က ကြိုးစားနေခြင်းဖြစ်ပါတယ်။

ဧရာဝတီဖောင်ဒေးရှင်း၏ ယခင်ထုတ်ပြန်မှုများတွင် Covid-19 လူနာ ၄၁၆ ဦးကို ကုသပေးနိုင်ရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ Covid-19 လူနာတွေ့ရှိမှု ပိုမိုများပြားလာခြင်းနှင့်အတူ ပိုမိုလက်ခံ ကုသပေးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းအတွင်း Covid-19 ထိန်းချုပ်၊

ကာကွယ်၊ ကုသရေးအတွက် ပေါင်းစပ်ညှိနိုင်းရေး ကော်မတီ၏ ဒုတိယဥက္ကဌဖြစ်သည့် ဆေးတက္ကသိုလ်-၁ ၏ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးတို့နှင့် ဆွေးနွေးတိုင်ပင်ကာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ဧရာဝတီစင်တာတွင် ကျန်းမာရေးနှင့် ပရဟိတ စေတနာ့ဝန်ထမ်း ၁၀၀ နေထိုင်နိုင်သည့် အဆောက်အဦကိုလည်း တည်ဆောက်ပေးထားသည်။ ဧရာဝတီ စင်တာ၏စီမံခန့်ခွဲမှုများကို MoHS က ပြုလုပ်ဆောင်ရွက်ကာ ကုန်ကျစာရိတ်များ အားလုံးကို ဦးဇော်ဇော်၏ ဧရာဝတီဖောင်ဒေးရှင်းက အကုန်အကျခံ လှူဒါန်းပေးထားခြင်းဖြစ်ပါတယ်။

credit;

LEAVE A REPLY

Please enter your comment!
Please enter your name here