COVID 19 ရောဂါကုသရေးဧရာဝတီဖောင်ဒေးရှင်းကို မွေးနေ့အလှူလေးအဖြစ် အလှူငွေများလှူဒါန်းခဲ့တဲ့စိုးပြည့်သဇင်

0
5

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ အကယ်ဒမီဆုရှင်လေးတစ်ဦးဖြစ်ပြီး အနုပညာအရည်အချင်းပြည့်ဝသူလေးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင်ညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်တဲ့ စိုးပြည့်သဇင်က ကလေးဆန်ဆန်လေး အမြဲပျော်ပျော်နေတတ်ပြီး အမြဲတမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုနေရတာအမှန်ပါပဲ ။

စိုးပြည့်က သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာပါ ပါရမီပါသူလေးဖြစ်တာကြောင့် အဆိုတော်အဖြစ်လည်း တေးသီချင်းတွေသီဆိုခဲ့ရာ ပရိသတ်တွေကြိုက်နှစ်သက်အားပေးခဲ့ကြတာတွေ့ရပါတယ်။စိုးပြည့်ကတော့ အရမ်းလိမ္မာရေးခြားရှိပြီး မိဘအပေါ်မှာလည်း သိတတ်တဲ့သမီးလိမ္မာလေးပါပဲနော်။

အလုပ်တွေကြိုးစားလုပ်ကိုင်တဲ့ စိုးပြည့်က အလှူအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းလေ့ရှိရာ အခုလည်း သူရဲ့မွေးနေ့ အလှူလေးအဖြစ် covid 19 ရောဂါကုသရေးဧရာဝတီဖောင်ဒေးရှင်းကို ငွေကျပ် ဆယ်သိန်းလှူဒါန်းခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ် ။ အလှူပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာကြောင့် cele zone ပရိသတိကြီးအတွက် တစ်ဆင့်မျှဝေပေးလိုက်ပါတယ် ။

Yuan – Cele Zone

photo – Soe Pyae Thazin

LEAVE A REPLY

Please enter your comment!
Please enter your name here